The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 19 › တမန်တော်ဝတ္ထု 19:13

တမန်တော်ဝတ္ထု 19:13

ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-

Common Language Bible

In The King James Version

Then certain of the vagabond Jews, exorcists, took upon them to call over them which had evil spirits the name of the Lord Jesus, saying, We adjure you by Jesus whom Paul preacheth.

In Context

12လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-

14ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။

Read all of တမန်တော်ဝတ္ထု 19

Cross References

Genesis 4:14ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။

1 Samuel 14:24ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။-

Psalms 109:10သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍ မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

Matthew 26:63သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။

Mark 9:38ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။-

Luke 11:19အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 19:13

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 19:12တမန်တော်ဝတ္ထု 19တမန်တော်ဝတ္ထု 19:14 →