တမန်တော်ဝတ္ထု 19:28
ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 18:26သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
Isaiah 41:5``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
Acts 7:54ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-
Acts 18:19ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
Acts 21:28သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
Revelation 13:4နဂါးသည်မိမိ၏အာဏာကိုသားရဲအား အပ်နှင်းပေးသူဖြစ်သဖြင့် လူတို့သည်နဂါး ကိုကိုးကွယ်ကြ၏။ လူတို့က``ဤသားရဲနှင့် အဘယ်သူတူပါသနည်း။ သူ့အားအဘယ် သူဆိုင်ပြိုင်တိုက်ခိုက်နိုင်ပါသနည်း'' ဟုဆို လျက်သားရဲကိုလည်းရှိခိုးကြ၏။