တမန်တော်ဝတ္ထု 19:29
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 16:9ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
Acts 19:22သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
Acts 20:4ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
Acts 21:30တစ်မြို့လုံးသည်ရှုပ်ယှက်ခတ်ဖြစ်လျက် လူတို့ သည်ပြေး၍လာပြီးလျှင်ပေါလုကိုဖမ်းဆီး ကာ ဗိမာန်တော်အပြင်သို့ဆွဲထုတ်သွားကြ၏။ ထိုနောက်ချက်ချင်းဗိမာန်တော်တံခါးများ ကိုပိတ်လိုက်ကြ၏။-
Acts 27:2ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
1 Corinthians 1:14ကရိပ္ပုနှင့်ဂါယုမှလွဲ၍သင်တို့အထဲမှမည်သူ့ ကိုမျှငါသည်ဗတ္တိဇံမပေးခဲ့ပါ။ ယင်းသို့မပေး မိသည့်အတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပါ၏။-