တမန်တော်ဝတ္ထု 19:8
ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
Common Language Bible
In The King James Version
In Context
7သူတို့အရေအတွက်မှာတစ်ဆယ့်နှစ်ယောက် မျှရှိသတည်း။-
Cross References
Acts 9:20တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
Acts 13:46ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
Acts 17:1သူတို့သည်ခရီးဆက်ခဲ့ရာအံဖိပေါလိမြို့ နှင့်အာပေါလောနိမြို့ကိုဖြတ်၍ သက်သာ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင်ယုဒ တရားဇရပ်ရှိ၏။-
Acts 18:4ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
Acts 19:9သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
Acts 28:23ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။