တမန်တော်ဝတ္ထု 2:25
ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 16:8ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
Psalms 30:6မိမိတွင်လုံခြုံမှုရှိပြီဟုယုံကြည်လျက် ``ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်'' ဟု ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းပြောဆိုခဲ့ ပါ၏။
Psalms 62:6ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက် တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Psalms 109:31အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍ သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။
Isaiah 41:13ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
John 16:32သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-