တမန်တော်ဝတ္ထု 23:12
နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
Common Language Bible
In The King James Version
In Context
13ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
Cross References
Leviticus 27:29ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။
Joshua 7:1ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
1 Samuel 14:24ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
1 Samuel 14:40ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။ လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။
2 Kings 6:31မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
Esther 2:22မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-