တမန်တော်ဝတ္ထု 23:14
သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
Common Language Bible
In The King James Version
In Context
13ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
Cross References
Isaiah 3:9သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
Jeremiah 8:12ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
Micah 7:3သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။-