တမန်တော်ဝတ္ထု 28:17
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 6:14နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။-
Acts 22:5အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
Acts 23:33မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
Acts 25:2ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ပြစ်မှုအမျိုးမျိုး ကိုပေါလုကူးလွန်ခဲ့ကြောင်းဖေတ္တုအား စွဲချက်တင်ကြ၏။-
Acts 25:10ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-