တမန်တော်ဝတ္ထု 28:2
ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 19:34သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
Proverbs 24:11သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
Luke 10:30ထိုအခါသခင်ယေရှုက ``လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့ကိုသွားရာ လမ်းတွင်ဋ္ဌားပြများနှင့်တွေ့၏။ ဋ္ဌားပြတို့သည် ထိုသူ၏အဝတ်များကိုချွတ်ယူကြ၏။ ထိုနောက် သူ့ကိုရိုက်နှက်၍သေလုနီးပါးရှိသောအခါ ပစ်ထားခဲ့ကြ၏။-
Acts 27:3နောက်တစ်နေ့၌ကျွန်ုပ်တို့သည်ဇိဒုန်မြို့သို့ ဆိုက်ကပ်ကြ၏။ ယုလိသည်ပေါလုကိုသနား ကြင်နာစိတ်ရှိသဖြင့် မိတ်ဆွေများထံသွား ရောက်တွေ့ဆုံခွင့်ပြု၏။-
Romans 1:14လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
Romans 2:27သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-