တမန်တော်ဝတ္ထု 27:3
နောက်တစ်နေ့၌ကျွန်ုပ်တို့သည်ဇိဒုန်မြို့သို့ ဆိုက်ကပ်ကြ၏။ ယုလိသည်ပေါလုကိုသနား ကြင်နာစိတ်ရှိသဖြင့် မိတ်ဆွေများထံသွား ရောက်တွေ့ဆုံခွင့်ပြု၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:15ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
Isaiah 23:2ပင်လယ်တွင်ကုန်ကူးလျက်ရှိသောဇိဒုန်ကုန် သည်တို့၊ ဟစ်အော်ငိုကြွေးကြလော့။ သင်တို့ သည်ထိုသူတို့အား၊-
Zechariah 9:2ဟာဒရက်ပြည်နှင့်ကပ်လျက်နေသောဟာမက် ပြည်ကိုလည်းကောင်း ကျွမ်းကျင်လိမ္မာမှုရှိသည့် တုရုမြို့နှင့်ဇိဒုန်မြို့တို့ကိုလည်းကောင်း ကိုယ်တော်ပိုင်တော်မူ၏။-
Acts 12:20ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
Acts 27:1ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
Acts 28:16ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။