တမန်တော်ဝတ္ထု 28:22
သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 42:20အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။
Acts 5:17ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
Acts 16:20ရောမအရာရှိတို့၏ရှေ့သို့ရောက်သောအခါ ``ဤသူတို့သည်ယုဒအမျိုးသားများဖြစ် ပါသည်။ ကျွန်တော်တို့မြို့တွင်ဆူပူမှုဖြစ် အောင်ပြုလျက်နေကြပါသည်။-
Acts 24:5ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
Acts 26:5အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။-
1 Peter 2:12မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။