တမန်တော်ဝတ္ထု 3:25
ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:3သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Genesis 17:19သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
Genesis 20:7ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
Genesis 26:4သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
Genesis 28:14သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
Genesis 49:1ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။