ကမ္ဘာဦးကျမ်း 49:1
ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 4:30သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
Deuteronomy 31:28ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
Psalms 25:14ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
Isaiah 2:2ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
Isaiah 39:6အရှင့်နန်းတော်တွင်ရှိသမျှသောအရာတို့ ကိုလည်းကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုး ဘေးတို့စုဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာ မှန်သမျှကိုလည်းကောင်း ဗာဗုလုန်ပြည်သို့ ဆောင်ယူသွားရာနေ့ရက်ကာလရောက်ရှိ လာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခု မျှကျန်ရစ်လိမ့်မည်မဟုတ်။-
Isaiah 53:1ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။