တမန်တော်ဝတ္ထု 7:29
မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
Common Language Bible
In The King James Version
Then fled Moses at this saying, and was a stranger in the land of Madian, where he begat two sons.
In Context
Cross References
Exodus 2:14ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
Exodus 18:2သို့ဖြစ်၍သူသည်ယောက္ခမအိမ်သို့ဇနီးဇိပေါရ ကိုစေလွှတ်ခဲ့ရာ ယေသရောသည်ဇိပေါရနှင့် သားနှစ်ယောက်ဖြစ်သော ဂေရရှုံနှင့်ဧလျေဇာ တို့ကိုလက်ခံ၏။ (မောရှေက``ငါသည်နိုင်ငံခြား ၌ဧည့်သည်ဖြစ်သည်'' ဟုဆို၍သားတစ်ယောက် ကိုဂေရရှုံဟုနာမည်ပေးခဲ့၏။-