The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 7 › တမန်တော်ဝတ္ထု 7:30

တမန်တော်ဝတ္ထု 7:30

``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-

Common Language Bible

In The King James Version

And when forty years were expired, there appeared to him in the wilderness of mount Sina an angel of the Lord in a flame of fire in a bush.

In Context

29မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။

31ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-

Read all of တမန်တော်ဝတ္ထု 7

Cross References

Genesis 22:15ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-

Genesis 48:15ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။ ``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သော ဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှ ကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည် ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည် သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။ သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''

Exodus 3:6ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။

Exodus 19:1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။-

Deuteronomy 33:16မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှ မိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။

Psalms 66:12ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 7:30

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 7:29တမန်တော်ဝတ္ထု 7တမန်တော်ဝတ္ထု 7:31 →