Amos 2:1
ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:1တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာယေရိခေါမြို့တစ်ဘက်၊ ယော်ဒန် မြစ်အရှေ့ဘက်ရှိမောဘလွင်ပြင်တွင်စခန်း ချကြလေသည်။
2 Kings 3:9သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
Psalms 83:4သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
Isaiah 11:14ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
Isaiah 25:10ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။-
Ezekiel 25:8အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-