The Bible Software
bible.software › Amos › Amos 4 › Amos 4:9

Amos 4:9

``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။

Common Language Bible

In The King James Version

I have smitten you with blasting and mildew: when your gardens and your vineyards and your fig trees and your olive trees increased, the palmerworm devoured them: yet have ye not returned unto me, saith the LORD.

In Context

8ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။

10``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။

Read all of Amos 4

Cross References

Deuteronomy 28:22ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-

1 Kings 8:37``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-

Job 36:8သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊

Isaiah 9:12အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။

Jeremiah 3:10ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​ပြီး​နောက် ဣ​သ ရေ​လ​၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​ငါ့​ထံ သို့​ပြန်​၍​လာ​၏။ စိတ်​လုံး​ဝ​ပါ​၍​မ​ဟုတ်။ ဟန်​ဆောင်​၍​သာ​လျှင်​လာ​ခြင်း​ဖြစ်​၏။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

Hosea 11:5``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 4:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 4:8Amos 4Amos 4:10 →