Amos 7:8
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 21:13ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
Jeremiah 1:11ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
Lamentations 2:8ထာဝရဘုရားသည်ဇိအုန်မြို့ရိုးများ ပြိုပျက်စေရန်သန္နိဋ္ဌာန်ချမှတ်ထားသဖြင့် ယင်းတို့ဧကန်မုချလုံးဝပျက်စီးစိမ့်သောငှာ တိုင်းထွာသတ်မှတ်ပေးတော်မူ၏။ ယခုအခါပြအိုးများနှင့်မြို့ရိုးများသည် အတူတကွယိုယွင်းပျက်စီးလျက်ရှိကြ၏။
Hosea 1:6ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။-
Micah 7:18အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
Zechariah 4:2``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-