ဇာခရိအနာဂတ္တိကျမ်း 4:2
``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 4
Cross References
Exodus 37:17သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
1 Kings 7:49အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-
2 Chronicles 4:7သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
2 Chronicles 13:11သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
Jeremiah 1:11ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
Amos 7:8ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-