ကောလောသဲဩဝါဒစာ 3:2
လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
Common Language Bible
In The King James Version
Set your affection on things above, not on things on the earth.
In Context
Cross References
1 Chronicles 22:19သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Psalms 49:11အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
Psalms 91:14ဘုရားသခင်က ``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
Proverbs 23:5ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
Matthew 6:19``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
Luke 12:15ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။