The Bible Software
bible.software › Daniel › Daniel 11 › Daniel 11:37

Daniel 11:37

ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။-

Common Language Bible

In The King James Version

Neither shall he regard the God of his fathers, nor the desire of women, nor regard any god: for he shall magnify himself above all.

In Context

36``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-

38ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။-

Read all of Daniel 11

Cross References

Genesis 3:5ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။

Deuteronomy 5:21`` `သူ​တစ်​ပါး​၏​မ​ယား၊ အိမ်၊ မြေ၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​သ​မျှ​တို့​ကို​တပ်​မက် ခြင်း​မ​ရှိ​နှင့်' ဟု​မိန့်​တော်​မူ​၏။

Song of Solomon 7:10ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။

Isaiah 14:14``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။-

Ezekiel 28:2ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။-

1 Timothy 4:3ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 11:37

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 11:36Daniel 11Daniel 11:38 →