တရားဟောရာကျမ်း 5:21
`` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
20`` `သူတစ်ပါးတစ်ဘက်၌မတရားသက်သေ မခံနှင့်။
Cross References
2 Samuel 11:2တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
Job 31:9သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊
Micah 2:2သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
Luke 12:15ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
Romans 13:9အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။-
Hebrews 13:5သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-