Daniel 2:45
တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:26ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
Genesis 41:32ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
2 Samuel 7:22အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
Nehemiah 4:14ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
Job 36:26ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
Psalms 48:1ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။