Daniel 2:44
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 7:13သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
Psalms 2:6ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
Psalms 72:1အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားတော်နှင့်အညီ စီရင်ဆုံးဖြတ် နိုင်ရန်မင်းကြီးအားသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်အားတရားမျှတစွာ အုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ဆင်းရဲသောသူတို့ကိုတရားတော်နှင့်အညီ အုပ်စိုးနိုင်စေရန်လည်းကောင်း ကိုယ်တော်ရှင်၏တရားမျှတမှုအတိုင်း စီရင်နိုင်ခွင့်ကိုမင်းကြီးအားပေးတော် မူပါ။
Psalms 89:19လွန်လေပြီးသောအခါ၌ကိုယ်တော်ရှင်သည် သစ္စာရှိသူအစေခံများအား ဗျာဒိတ်ရူပါရုံတွင်``ထင်ရှားကျော်စောသူ စစ်သူရဲအားငါသည်ကူမတော်မူပြီ။ လူတို့အထဲမှရွေးချယ်ထားသူအားရာဇ ပလ္လင်ကို ငါအပ်နှင်းပြီ။
Psalms 145:13ကိုယ်တော်ရှင်၏နိုင်ငံတော်သည်နိစ္စထာဝရ တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်လည်းထာဝရဘုရင် ဖြစ်တော်မူပါ၏။ ထာဝရဘုရားသည်မိမိ၏ကတိတော်တို့ကို တည်စေတော်မူ၍ ပြုတော်မူသမျှသောအမှုတို့တွင်မေတ္တာတော်ကို ဖော်ပြတော်မူ၏။
Isaiah 60:12သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။