Daniel 2:49
ဒံယေလ၏ပန်ကြားချက်အရမင်းကြီး သည်ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါ တို့အားဗာဗုလုန်ပြည်နယ်အုပ်ချုပ်ရေး တာဝန်များကိုအပ်နှင်းတော်မူ၏။ ဒံယေလ ကိုမူကားနန်းတော်တွင်း၌အမှုထမ်းစေ တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Esther 2:21နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
Proverbs 28:12ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
Daniel 1:7မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
Daniel 2:17ထိုနောက်ဒံယေလသည်အိမ်သို့ပြန်၍မိမိ ၏အဖော်များဖြစ်သောဟာနနိ၊ မိရှေလနှင့် အာဇရိတို့အားဖြစ်ပျက်သည့်အကြောင်း အရာများကိုပြောပြပြီးနောက်၊-
Daniel 3:12ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။
Amos 5:15အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။