The Bible Software
bible.software › Daniel › Daniel 6 › Daniel 6:27

Daniel 6:27

ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏'' ဟု​ပါ​ရှိ​လေ​သည်။

Common Language Bible

In The King James Version

He delivereth and rescueth, and he worketh signs and wonders in heaven and in earth, who hath delivered Daniel from the power of the lions.

In Context

26ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။

28ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။

Read all of Daniel 6

Cross References

1 Samuel 17:26ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-

Psalms 18:48ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​ကို အောင်​မြင်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​၏။ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​ကို ကွယ်​ကာ​တော်​မူ​ပါ​၏။

Psalms 32:7ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

Psalms 97:10ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။

Jeremiah 10:10သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။

Daniel 2:44အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 6:27

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 6:26Daniel 6Daniel 6:28 →