Psalms 32:7
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:1ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
2 Samuel 22:1ရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။
Psalms 9:9ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
Psalms 27:5ဘေးအန္တရာယ်ရောက်သည့်ကာလ ငါ့အားကိုယ်တော်ကွယ်ကာစောင့်ရှောက်၍ ထားတော်မူလိမ့်မည်။ ဗိမာန်တော်တွင်လုံခြုံစွာထားတော်မူလိမ့်မည်။ ဘေးကင်းစေရန်ကျောက်ဆောင်မြင့်ပေါ်မှာတင်၍ ထားတော်မူလိမ့်မည်။
Psalms 32:10သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
Psalms 91:1ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊