Daniel 6:5
သူတို့က``ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်'' ဟုအချင်းချင်းပြောဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Esther 3:8ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
John 19:6ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။-
Acts 24:20အကျွန်ုပ်ကူးလွန်သောအပြစ်ကိုအရှင့်ထံ တွင်ဖော်ပြစွပ်စွဲသင့်ပါ၏။-