Daniel 6:4
ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:38ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
Judges 14:4သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
1 Samuel 18:14ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
1 Samuel 22:14အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
Psalms 37:32သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
Ecclesiastes 4:4တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။