The Bible Software
bible.software › Daniel › Daniel 7 › Daniel 7:10

Daniel 7:10

ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။

Common Language Bible

In The King James Version

A fiery stream issued and came forth from before him: thousand thousands ministered unto him, and ten thousand times ten thousand stood before him: the judgment was set, and the books were opened.

In Context

9ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-

11ငါ​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ဦး​ချို​ငယ်​သည်​ကြွား​ဝါ​လျက်​ပင်​ရှိ​နေ​သေး​၏။ ထို​အ​ချိန်​၌​စ​တုတ္ထ​သား​ရဲ​သည်​အ​သတ်​ခံ​ရ​၍​သူ​၏​ကိုယ်​ခန္ဓာ​သည်​မီး​ရှို့​၍​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လေ​သည်။-

Read all of Daniel 7

Cross References

1 Kings 22:19မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

Psalms 50:3ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

Psalms 96:11အ​ချင်း​ကုန်း​မြေ​နှင့်​ကောင်း​ကင်​တို့၊ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​ရှိ သတ္တဝါ​အ​ပေါင်း​တို့၊အ​သံ​ကျယ်​စွာ ကြွေး​ကြော်​ကြ​လော့။

Psalms 97:3မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။

Isaiah 30:27ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-

Isaiah 66:15ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 7:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 7:9Daniel 7Daniel 7:11 →