Daniel 9:3
ထိုနောက်ငါသည်အစာရှောင်ပြီးလျှင်လျှော် တေကိုဝတ်၍ ပြာထဲတွင်ထိုင်ကာ ထာဝရ ဘုရားသခင်ထံတော်သို့ဆုတောင်းအသ နားခံ၏။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 8:21ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
Ezra 10:6ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
Nehemiah 9:1ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။-
Esther 4:3မင်းကြီး၏အမိန့်ကြေငြာချက်ရောက်ရှိ လေရာပြည်နယ်တို့၌ ယုဒအမျိုးသား တို့သည်အစာရှောင်၍အော်ဟစ်ငိုကြွေး မြည်တမ်းကြကုန်၏။ လူတိုင်းလိုပင်လျှော် တေကိုဝတ်ကာပြာပေါ်တွင်လှဲ၍နေကြ ကုန်၏။
Job 42:6ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
Psalms 69:10ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။