Daniel 9:4
ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
Deuteronomy 7:9သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
Deuteronomy 7:21သို့ဖြစ်၍ထိုလူမျိုးတို့ကိုမကြောက်ကြနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ကိုယ်တော်သည် တန်ခိုးကြီး၍ကြောက်ရွံ့ဖွယ်သောဘုရား ဖြစ်တော်မူ၏။-
1 Kings 8:47ထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။-
Nehemiah 1:5ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-