Daniel 9:5
``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 8:47ထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။-
2 Kings 21:15ငါ၏လူမျိုးတော်သည်သူတို့၏ဘိုးဘေး များအီဂျစ်ပြည်ကထွက်ခွာလာချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ငါ့အားပြစ်မှားလျက် ငါ၏အမျက်တော်ကိုလှုံ့ဆော်နေကြသဖြင့် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Ezra 9:6ငါက``အို ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော် ၏ရှေ့တော်၌ ခေါင်းမမော်ဝံ့အောင်ပင်ရှက်ပါ၏။ အကျွန်ုပ်တို့၏အပြစ်များသည် အကျွန်ုပ်တို့ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင်များပြား ပါ၏။ ထိုအပြစ်များသည် မိုးကောင်းကင် အထိမြင့်မားကြီးလေးပါ၏။-
Nehemiah 9:33အကျွန်ုပ်တို့အားကိုယ်တော်အပြစ်ဒဏ် ပေးတော်မူသည်မှာတရားပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးလွန်ခဲ့ကြသော် လည်း ကိုယ်တော်သည်သစ္စာစောင့်တော်မူပါ၏။
Psalms 106:6ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
Isaiah 53:6ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။