Ephesians 2:5
ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။-
Common Language Bible
In The King James Version
Even when we were dead in sins, hath quickened us together with Christ, (by grace ye are saved;)
In Context
Cross References
John 5:21ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
Acts 15:11ငါတို့သည်လည်းထိုသူတို့နည်းတူယုံကြည် သဖြင့် သခင်ယေရှု၏ကျေးဇူးတော်အား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏'' ဟုဆို၏။
Romans 4:16သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
Romans 5:8သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
Romans 8:2အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
Romans 16:20ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။