ရောမဩဝါဒစာ 4:16
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
Common Language Bible
In The King James Version
In Context
Cross References
Romans 3:24လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။-
Romans 5:1ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
Romans 15:8ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-
Galatians 3:22သို့ရာတွင်ကမ္ဘာလောကတစ်ခုလုံးပင်အပြစ် ဒုစရိုက်၏လက်အောက်တွင်ရောက်ရှိနေကြောင်း ကျမ်းစာတော်တွင်ဖော်ပြထားပေသည်။ သို့ဖြစ် ၍ယေရှုခရစ်ကိုယုံကြည်မှု၌အခြေခံသည့် ကတိတော်ဆိုင်ရာဆုကျေးဇူးကိုယုံကြည် သူတို့ခံစားခွင့်ရရှိကြ၏။
Ephesians 2:8သင်တို့သည်ယုံကြည်သောအားဖြင့်ကျေးဇူး တော်ကြောင့်ကယ်တင်ခြင်းကိုခံကြရ၏။ သင်တို့ ၏ကြိုးစားအားထုတ်မှုရလဒ်ကြောင့်ခံကြရ သည်မဟုတ်။ ဘုရားသခင်ချပေးတော်မူသော ဆုဖြစ်၍အဘယ်သူမျှဝါကြွားစရာ အကြောင်းမရှိ။-
Hebrews 6:13ဘုရားသခင်သည်အာဗြဟံအားကတိ ထားတော်မူသောအခါတိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီးမြတ်သူမရှိသဖြင့် မိမိကိုယ် ကိုပင်လျှင်တိုင်တည်ကျိန်ဆိုတော်မူပေသည်။-