Ephesians 5:29
(အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
Common Language Bible
In The King James Version
In Context
30ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-)
Cross References
Proverbs 11:17သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
Isaiah 40:11ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
Ezekiel 34:27သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
John 6:50ဤအစာအာဟာရသည်ကားကောင်းကင်ဘုံမှ ဆင်းသက်သောအစာအာဟာရဖြစ်၍ ယင်းကို မှီဝဲသူသည်သေရလိမ့်မည်မဟုတ်။-
Ephesians 5:31ကျမ်းစာတော်တွင်၊ ``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊ သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'' ဟုဖော်ပြပါရှိ၏။-