Ephesians 6:16
ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 56:3အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
Psalms 120:4စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
2 Corinthians 1:24သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
1 Thessalonians 5:19သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။-
Hebrews 11:24မောရှေသည်ကြီးပြင်းလာသောအခါယုံကြည် ခြင်းအားဖြင့် မိမိကိုယ်ကိုဖာရောဘုရင့်သမီး တော်၏သားဟူ၍အခေါ်မခံဘဲနေ၏။-
1 John 5:4အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။-