Amos 2:8
ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 22:25``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
Deuteronomy 24:12သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။-
Isaiah 57:7သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။-
Ezekiel 18:12သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
Hosea 4:8သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။-
Amos 6:4ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-