The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 14 › ယေဇကျေလအနာဂတ္တိကျမ်း 14:21

ယေဇကျေလအနာဂတ္တိကျမ်း 14:21

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

Common Language Bible

In The King James Version

For thus saith the Lord GOD; How much more when I send my four sore judgments upon Jerusalem, the sword, and the famine, and the noisome beast, and the pestilence, to cut off from it man and beast?

In Context

20ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

22အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 14

Cross References

Isaiah 51:19သင်​သည်​ဘေး​အန္တရာယ်​နှစ်​ဆ​ကြုံ​တွေ့​ရ​လေ​ပြီ။ သင်​၏​ပြည်​သည်​စစ်​ဒဏ်​ကြောင့်​ပျက်​ပြုန်း​သွား လေ​ပြီ။ သင့်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​စာ​ရေ​စာ ငတ်​မွတ်​ကြ​လေ​ပြီ။ သင့်​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​ရှိ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။

Ezekiel 5:12သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။

Ezekiel 5:17သင်​၏​သား​သ​မီး​များ​ကို​သေ​စေ​ရန်​တော​ရဲ တိ​ရစ္ဆာန်​များ​နှင့်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ကို​လည်း​ကောင်း၊ သင့်​အား​ဖျက်​ဆီး​ရန်​အ​နာ ရော​ဂါ​ဘေး၊ အ​ကြမ်း​ဖက်​မှု​နှင့်​စစ်​မက်​အန္တ ရာယ်​ကို​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ ဤ ကား​ငါ​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​ပင် တည်း'' ဟူ​၍​ဖြစ်​၏။

Ezekiel 14:13``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-

Ezekiel 14:17``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-

Ezekiel 33:27``ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​သော​မြို့​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​သည်​သတ်​ဖြတ်​ခြင်း​ခံ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား အ​မှန်​ပင်​ဖြစ်​သည့်​အ​တိုင်း​သူ​တို့​အား​သ​တိ ပေး​လိုက်​ကြောင်း​ပြော​ကြား​လော့။ ကျေး​လက် တို့​တွင်​နေ​ထိုင်​သူ​များ​သည်​တော​တိ​ရစ္ဆာန် တို့​၏​အ​စာ​ဖြစ်​ရ​ကြ​လိမ့်​မည်။ တောင်​များ၊ လိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ​သူ​တို့ သည်​ရော​ဂါ​ကြောင့်​သေ​ရ​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 14:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 14:20ယေဇကျေလအနာဂတ္တိကျမ်း 14ယေဇကျေလအနာဂတ္တိကျမ်း 14:22 →