The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 14 › ယေဇကျေလအနာဂတ္တိကျမ်း 14:22

ယေဇကျေလအနာဂတ္တိကျမ်း 14:22

အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။-

Common Language Bible

In The King James Version

Yet, behold, therein shall be left a remnant that shall be brought forth, both sons and daughters: behold, they shall come forth unto you, and ye shall see their way and their doings: and ye shall be comforted concerning the evil that I have brought upon Jerusalem, even concerning all that I have brought upon it.

In Context

21အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

23သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 14

Cross References

2 Chronicles 36:20အ​သတ်​မ​ခံ​ရ​ဘဲ​ကျန်​ရှိ​နေ​သူ​တို့​ကို​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ယူ​သွား​ပြီး​လျှင် ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ချိန်​တိုင်​အောင် မိ​မိ နှင့်​မိ​မိ​၏​သား​မြေး​များ​ထံ​ကျွန်​ခံ​စေ​လေ သည်။-

Isaiah 10:20အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-

Isaiah 24:13ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။

Isaiah 65:8ထာ​ဝ​ရ​ဘု​ရား​က``စ​ပျစ်​သီး​ကောင်း​များ ကို အ​ဘယ်​သူ​မျှ​မ​ဖျက်​ဆီး​တတ်။ နယ်​၍ စ​ပျစ်​ရည်​လုပ်​တတ်​ကြ​၏။ ငါ​သည်​လည်း ငါ​၏​လူ​အ​ပေါင်း​ကို​သုတ်​သင်​ဖျက်​ဆီး ပစ်​လိမ့်​မည်​မ​ဟုတ်။-

Jeremiah 4:27(ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)

Jeremiah 30:11ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 14:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 14:21ယေဇကျေလအနာဂတ္တိကျမ်း 14ယေဇကျေလအနာဂတ္တိကျမ်း 14:23 →