ယေဇကျေလအနာဂတ္တိကျမ်း 15:6
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 15
Cross References
Isaiah 5:1နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
Isaiah 5:25ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
Jeremiah 4:7ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
Jeremiah 21:7စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 44:21``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။-