ယေဇကျေလအနာဂတ္တိကျမ်း 16:37
ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Jeremiah 4:30အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။
Jeremiah 13:26ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။-
Lamentations 1:8သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
Ezekiel 23:9သို့ဖြစ်၍သူမြတ်နိုးလှသည့်အာရှုရိ အမျိုးသားချစ်သူတို့လက်သို့ သူ့အား ငါအပ်လိုက်၏။-
Hosea 2:3ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-
Hosea 8:10သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။