ယေဇကျေလအနာဂတ္တိကျမ်း 16:53
``သောဒုံမြို့နှင့်ထိုမြို့၏သမီးများနှင့် ရှမာ ရိမြို့နှင့်ထိုမြို့၏သမီးများကိုငါသည် တစ်ဖန်ပြန်လည်စည်ကားစေမည်။ သင့်ကို လည်းပြန်လည်စည်ကားလာစေမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Psalms 14:7ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Psalms 126:1ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
Isaiah 19:24ထိုအချိန်ကာလကျရောက်လာသောအခါ ဣသရေလပြည်သည်အီဂျစ်ပြည်၊ အာရှုရိ ပြည်နှင့်ရင်ဘောင်တန်းလျက်နေလိမ့်မည်။ ထို နိုင်ငံသုံးခုသည်ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေလိမ့်မည်။-
Jeremiah 20:16ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။
Jeremiah 46:27``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။ အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။
Jeremiah 49:6``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။