ယေဇကျေလအနာဂတ္တိကျမ်း 16:63
သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Ezra 9:6ငါက``အို ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော် ၏ရှေ့တော်၌ ခေါင်းမမော်ဝံ့အောင်ပင်ရှက်ပါ၏။ အကျွန်ုပ်တို့၏အပြစ်များသည် အကျွန်ုပ်တို့ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင်များပြား ပါ၏။ ထိုအပြစ်များသည် မိုးကောင်းကင် အထိမြင့်မားကြီးလေးပါ၏။-
Psalms 39:9ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
Psalms 79:9အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုကူမတော်မူပါ။ ကယ်မတော်မူပါ။ ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့ကိုကယ်ဆယ်တော်မူ၍ ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
Isaiah 33:24ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။
Lamentations 3:39ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
Ezekiel 36:31သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-