ယေဇကျေလအနာဂတ္တိကျမ်း 23:18
သူသည်အများပြည်သူတို့ရှေ့၌အဝတ် အချည်းစည်းနှင့်နေ၍ လူတိုင်းအားမိမိ သည်ပြည့်တန်ဆာဖြစ်ကြောင်းကိုသိစေ၏။ ငါသည်သူ၏အစ်မကိုစက်ဆုပ်သကဲ့သို့ သူ့ကိုလည်းစက်ဆုပ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 23
Cross References
Deuteronomy 32:19``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊ မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။
Psalms 106:40သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
Jeremiah 6:8အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
Jeremiah 12:8ငါရွေးချယ်ထားသည့်ငါ၏အမွေခံတို့သည် တောတွင်းမှခြင်္သေ့ကဲ့သို့ငါ့ကိုတော်လှန်ကြ လေပြီ။ သူတို့သည်ငါ့ကိုဟိန်းဟောက်ကြသဖြင့် ငါသည်သူတို့ကိုမုန်း၏။
Lamentations 2:7ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
Ezekiel 21:24သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။