ယေဇကျေလအနာဂတ္တိကျမ်း 25:4
ယင်းသို့သင်တို့ဝမ်းမြောက်မှုအတွက် ငါသည် ရှေ့အရပ်မှလူမျိုးနွယ်များလက်သို့သင်တို့ ကိုရောက်စေမည်။ သူတို့သည်သင်တို့၏ပြည် တွင်စခန်းများချ၍နေထိုင်ကြလိမ့်မည်။ သင်တို့စားရမည့်အသီးအနှံကိုစား၍ သင်တို့သောက်ရမည့်နို့ကိုသောက်ကြလိမ့် မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 25
Cross References
Leviticus 26:16ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
Deuteronomy 28:33သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
Judges 6:3ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
Judges 7:12မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
2 Samuel 12:26ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
Isaiah 1:7သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-