ယေဇကျေလအနာဂတ္တိကျမ်း 30:12
ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
Isaiah 19:4ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Jeremiah 50:38ထိုပြည်တွင်မိုးခေါင်စေ၍မြစ်များကိုခန်း ခြောက် စေကြလော့။ ဗာဗုလုန်ပြည်သည်ထိတ်လန့်ဖွယ်ကောင်းသည့် ရုပ်တုပေါများသည့်ပြည်ဖြစ်ပေသည်။ ထိုရုပ်တုများကြောင့်ပြည်သူတို့သည် မိုက်မဲသူများဖြစ်ကြလေပြီ။
Ezekiel 28:10သင်သည်လူမျိုးခြားတို့၏လက်တွင်အရေ ဖျားလှီးမင်္ဂလာမခံရသေးသူကဲ့သို့ သေ ရပေလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရား၏အမိန့်တော်ပင်တည်း'' ဟုမိန့်တော် မူ၏။
Ezekiel 29:9အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။'' ``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
Nahum 1:4ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
Revelation 16:12ထိုနောက်ဆဋ္ဌမကောင်းကင်တမန်သည်မိမိ၏ ဖလားမှ အမျက်တော်ကိုဥဖရတ်မြစ်ကြီးပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါမြစ်ရေသည် ခန်းခြောက်သွားသဖြင့် အရှေ့ပြည်မှလာသော ရှင်ဘုရင်တို့အတွက်လမ်းပွင့်သွား၏။-