The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 16 › ဗျာဒိတ်ကျမ်း 16:12

ဗျာဒိတ်ကျမ်း 16:12

ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-

Common Language Bible

In The King James Version

And the sixth angel poured out his vial upon the great river Euphrates; and the water thereof was dried up, that the way of the kings of the east might be prepared.

In Context

11မိ​မိ​တို့​၏​ဝေ​ဒ​နာ​နှင့်​အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ ၏။ မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​နောင်​တ​မ​ရ ကြ။

13ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-

Read all of ဗျာဒိတ်ကျမ်း 16

Cross References

Isaiah 8:7ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-

Isaiah 41:2အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။

Isaiah 42:15ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။

Isaiah 46:11ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။

Jeremiah 51:36သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-

Daniel 11:43သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 16:12

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 16:11ဗျာဒိတ်ကျမ်း 16ဗျာဒိတ်ကျမ်း 16:13 →