ယေဇကျေလအနာဂတ္တိကျမ်း 36:10
သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Isaiah 27:6ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
Isaiah 49:17``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။ သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
Isaiah 52:9အချင်းယိုယွင်းပျက်စီးလျက်ရှိသည့် ယေရုရှလင်အဆောက်အဦတို့၊အားရရွှင်လန်းစွာ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်စေတော်မူပြီ။ ကိုယ်တော်သည်ယေရုရှလင်မြို့တော်ကို ကယ်တင်တော်မူပြီ။
Isaiah 61:4သူတို့သည်ကာလကြာမြင့်စွာ ပျက်စီးယိုယွင်းနေခဲ့သောမြို့များကို ပြန်လည်တည်ဆောက်၍အသစ်ပြုပြင် ကြလိမ့်မည်။
Jeremiah 31:10``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
Jeremiah 33:12အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-