ယေဇကျေလအနာဂတ္တိကျမ်း 36:11
ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Isaiah 30:26လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
Isaiah 54:7``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
Jeremiah 23:4ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeremiah 30:18ထာဝရဘုရားက၊ ``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။ သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍ နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
Jeremiah 31:38ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-